Friday, August 3, 2007

myanmar key board




ပထမဆုံး ဇော်ဂျီ လက်ကွက်ကို ဒေါင်းလုဒ် လုပ်ပြီး အင်စတောလ် လုပ်ပါ။ [Link]။ စက်ထဲတွင် အခြား မြန်မာ ယူနီကုဒ် အမျိုးအစားများ မရှိစေရန် သတိပြုရပါမည်။ ရှိနေခဲ့ရင် Uninstall လုပ်ပစ်လိုက်ပါ။ ဇော်ဂျီ အင်စတောလ် လုပ်ပြီးလျှင်-

1. Control Panel > Regional and Language ကိုသွားပါ။
2. Regional Language Box မှ Language ဆိုသော ခလုတ်လေးကို နှိပ်ပါ
3. Language > Detail ကိုရွေးချယ်ပါ။

အဆိုပါ Box ထဲမှာ Default Input Language ဆိုတဲ့ နေရာလေးကို စစ်ဆေးပါ။ ဇော်ဂျီ ကီးဘုတ်ကို မြင်နေရမည် ဖြစ်သည်။ ထို့နောက် အောက်ဆုံးက -

4. Preference > Language Bar ကိုသွားပါ။
5. Desktop မှာ Keyboard အလွယ်တကူ ချိန်းနိုင်ရန် အဆိုပါ ဗောက်စ်ထဲမှ အကွက် လေးများကို Check လုပ်ပေးပါ။
6. OK နှိပ်ပါ။

အဲဒီအခါ ၀င်းဒိုးစ်ရဲ့ အောက်ညာဘက် နာရီအချိန် ပြတဲ့ နေရာမှာ ကီးဘုတ်ပုံလေး ပေါ်လာပါလိမ့်မယ်။

7. မြန်မာ စာသားကို ရိုက်လိုတဲ့အခါ Clt+Shift ကိုနှိပ်ရပါမယ် (၀ဘ်ဆိုဒ်များနှင့် ၀ဘ်ပေ့ခ်ျ များတွင်သာ သုံးနိုင်သည်)။ အင်္ဂလိပ်စာကို ရိုက်လိုလျှင် အဆိုပါ Clt+Shift ကို ထပ်နှိပ် ပေးရပါမည်။

[ ကိုညီလင်းဆက် Blog မှ ကူယူမှတ်သားထားခြင်း ဖြစ်သည် ]

1 comment:

Anonymous said...
This comment has been removed by a blog administrator.